ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ

ထိုက်အောင်ကျော် ဝက်ဘ်ဆိုက်၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒ စာမျက်နှာမှ ကြိုဆိုပါတယ်။

သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် လုံခြုံဟာ ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးလှပါတယ်။ ကျွန်တော်တို့ကို ဆက်သွယ်လိုရင်တော့ –

(၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်၊ မြန်မာ။
တက္ကသိုလ် စာတိုက်သေတ္တာအမှတ် – ၁၁၀၄၁
ဖုန်းနံပါတ် – +၉၅-၉-၈၉၇၂-၈၈၃၃၄

ကိုဆက်သွယ်နိုင်ပါတယ်။

ကျွန်ုပ်တို့ ဝက်ဘ်ဆိုက် လည်ပတ်ရန် စုဆောင်းရမည့် သင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ မည်သည့်အချက်အလက်ကိုမဆို လေးစားတန်ဖိုးထားရန်မှာ ကျွန်ုပ်တို့၏ သဘောထားရပ်တည်မှုဖြစ်ပါသည်။ ဤပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒသည် htikeagkyaw.com အတွက်ဖြစ်ပါသည်။ (ဤစာတမ်းအတွင်း “ ထိုက်အောင်ကျော်” ၊ “ htikeagkyaw” ၊ “ ကျွန်ုပ်တို့” ၊ “ ကျွန်တော်တို့” သို့မဟုတ် “ htikeagkyaw.com” ဟူသည့်အသုံးအနှုန်းများကို သုံးသွားမည်ဖြစ်သည်။)

သင်၏ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုကို ကျွန်ုပ်တို့ အစဉ်လေးစားလျက်ရှိကာ ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်ထံ သင်ပေးပို့ခဲ့သည့် သင်ဟူ၍ ဖော်ထုတ်နိုင်သည့် မည်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်မျိုးကိုမဆို ကာကွယ်မှုပေးရန် ကျွန်ုပ်တို့ ကတိပြုထားပါသည်။ ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်မှ ကောက်ခံနိုင်သည့် အချက်အလက်များ မည်သို့ကောက်ခံနိုင်သည်၊ ထိုအချက်အလက်များကို မည်သို့အသုံးပြုမည်နှင့် မည်သည့်အခြေအနေမျိုးတွင် အခြား တတိယ အဖွဲ့အစည်းများကို ထိုအချက်အလက်များ ထုတ်ဖော်ပေးမည် စသည်တို့ကို ရှင်းပြနိုင်ရန် ဤ “ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု မူဝါဒ” ကိုပြုစုဖော်ပြပေးရခြင်းဖြစ်သည်။ ဤမူဝါဒသည် ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်မှ ကောက်ခံသည့် အချက်အလက်များအပေါ်သာ သက်ရောက်မှုရှိမည်ဖြစ်ပြီး အခြားအချက်အလက် အရင်းအမြစ်များက ကောက်ခံရရှိထားသော အချက်အလက်များအပေါ်တွင် သက်ရောက်မှု မရှိပါ။

ကျွန်ုပ်တို့ စာမျက်နှာတွင် ဖော်ပြထားသည့် ဤပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မူဝါဒ အပါအဝင် စည်းကမ်းနှင့်သတ်မှတ်ချက်များ သည် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်အား အသုံးပြုမှုနှင့် စပ်လျဉ်းသည့် အထွေထွေ စည်းမျဉ်းနှင့် မူဝါဒများ ကို ရှေးရှုသတ်မှတ်ချက်ပြု ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဝက်ဘ်ဆိုက်သို့ သင်လာရောက်အသုံးပြုသည့် လုပ်ဆောင်မှုများအပေါ်မူတည်၍ ထပ်တိုးစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလည်း သဘောတူရန် လိုအပ်နိုင်သည်။

ဝက်ဘ်ဆိုက်သို့ လာရောက်လေ့လာသူများ

ဝက်ဘ်ဆိုက်အများစုကဲ့သို့ပင် ဤ ထိုက်အောင်ကျော် ၏ ဝက်ဘ်ဆိုက်သည်လည်း ပုဂ္ဂိုလ်ရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အချက်အလက်များကို ကောက်ခံသွားမည်ဖြစ်ပါသည်။ ထိုအချက်အလက်မျိုးတွင် အသုံးပြုနေသည့် ဝက်ဘ်ဘရောက်ဇာအမျိုးအစား၊ ဘာသာစကား ဦးစားပေး ရွေးချယ်မှု၊ ရည်ညွှန်းချက်ပေးလိုက်သည့် ဝက်ဘ်ဆိုက်၊ လာရောက်လေ့လာသည့် ရက်စွဲနှင့် အချိန် စသည်တို့ ပါဝင်သည်။ ပုဂ္ဂိုလ်ရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အချက်အလက်များကို ကျွန်ုပ်တို့ကောက်ခံရသည့်အကြောင်းအရင်းမှာ ကျွန်ုပ်တို့ဝက်ဘ်ဆိုက်အား လာရောက်လေ့လာသူများက မည်သို့အသုံးပြုသည်ကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းကောက်ခံရခြင်းဖြစ်သည်။ အခါအားလျော်စွာ ထိုက်အောင်ကျော်သည် ထို ပုဂ္ဂိုလ်ရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အချက်အလက်များကို စုပေါင်း ဖော်ပြနိုင်ပေသည်။ ဥပမာ – ဝက်ဘ်ဆိုက်အသုံးပြုမှု ခေတ်ရေစီးကြောင်းနှင့်ဆိုင်သည့် အစီရင်ခံစာမျိုး ထုတ်ဝေခြင်း။

ထိုက်အောင်ကျော်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟူ၍ ဖော်ပြနိုင်သည့် အချက်အလက်မျိုးကိုလည်း ကောက်ခံနိုင်သည်။ ဥပမာ လော့ဂ်အင် ဝင်ထားသည့် အသုံးပြုသူများ၏ အင်တာနက် ပရိုတိုကောလိပ်စာ (IP Address) များနှင့်အခြားအချက်အလက်များကို https://htikeagkyaw.com စာမျက်နှာများ၊ စာစုများ၊ ဆက်သွယ်ရန် ဖောင်များတွင် မှတ်ချက်ရေးသားပေးပို့သည့်အခါ
အမှိုက်စာ စပမ် (Spam) ကို ဖော်ထုတ်ကာကွယ်နိုင်ရန် ကောက်ခံအသုံးပြုနိုင်သည်။ ထိုက်အောင်ကျော်သည် လော့ဂ်အင်ဝင်ကာ အသုံးပြုသူနှင့် မှတ်ချက်ပေးသူတို့၏ အင်တာနက် ပရိုတိုကော လိပ်စာ (IP Address) များကို အောက်ဖော်ပြပါ အခြေအနေမျိုးများတွင်သာ ဖော်ပြ အသုံးပြုသွားမှာ ဖြစ်ပါသည်။

ပုဂ္ဂိုလ်ရေးအရ ဖော်ထုတ်နိုင်သည့် အချက်အလက်များ စုဆောင်းကောက်ခံခြင်း

အချို့သော လာရောက်လေ့လာသူများသည် ထိုက်အောင်ကျော်၏ဝက်ဘ်ဆိုက်တွင် ထိုက်အောင်ကျော်က ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟူ၍ ဖော်ညွှန်းနိုင်သည့် အချက်အလက်မျိုးကို စုဆောင်းကောက်ခံရန်လိုအပ်သည့် နည်းလမ်းမျိုးဖြင့် အသုံးပြုနိုင်သည်။ ထိုက်အောင်ကျော်က ကောက်ခံမည့် အချက်အလက် အမျိုးအစားနှင့် ပမာဏသည် အသုံးပြုမှုပုံစံပေါ်တွင်သာ မူတည်သည်။ ဥပမာ – ကျွန်ုပ်တို့သည် လာ်ရောက်လေ့လာသူများ ဘလော့ဂ်အတွက် မှတ်ပုံတင် (sign up) ပြုလုပ်သည့်အခါ သို့မဟုတ် https://htikeagkyaw.com သို့ ဆက်သွယ်လိုသည့်အခါ အသုံးပြုသူအမည် (username)၊ အမည်အပြည့်အစုံ (full name)၊ ဖုန်းနံပါတ်နှင့် အီးမေးလ်စသည်တို့ကို တောင်းခံနိုင်သည်။

မှတ်ချက်များအတွက်မူ ဟက်ရှ်ဟုခေါ်သည့် အမည်ဝှက်စာကြောင်းဖြင့် သင့်အီးမေးလ်ကို အစားထိုးကာ Gravatar service သို့သင်အသုံးပြုမှုရှိမရှိ ပို့သွားမည်ဖြစ်ပါသည်။ Gravatar service ၏ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှု မူဝါဒကို ဤတွင်ဖတ်ရှုနိုင်သည်။  https://automattic.com/privacy/ သင့်မှတ်ချက်များ အတည်ပြုပေးသည့်အခါ သင့် ပရိုဖိုင်းဓာတ်ပုံကို အများပြည်သူမြင်သာသည့်နေရာတွင် သင့် မှတ်ချက်နှင်အတူတကွ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေ့စ်ဘုတ်ခ် အကောင့်နှင့် မှတ်ချက်အပေးသည့်အခါတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဖေ့စ်ဘုတ်ခ်၏ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှု မူဝါဒကို ဤတွင် ဖတ်ရှုနိုင်သည်။ https://www.facebook.com/about/privacy

မီဒီယာ

အကယ်၍ ကျွန်ုပ်တို့ ဝက်ဘ်စာမျက်နှာပေါ်သို့ သင်သည် ဓာတ်ပုံများ၊ ရုပ်ပုံများ၊ ဗီဒီယို အစရှိသော မီဒီယာများကို အပ်ပ်လုဒ်တင်မည်ဆိုပါက တည်နေရာ အချက်အလက်ကဲ့သို့သော (EXIF GPS) များ မြှုပ်နှံပါဝင်သည့် မီဒီယာများ မတင်မိစေရန် သတိပြုသင့်သည်။ ၎င်းမီဒီယာများကို ဝက်ဘ်ဆိုက်လာရောက်လေ့လာသူများက ဒေါင်းလုဒ်ရယူသုံးစွဲနိုင်သဖြင့် ၎င်းမီဒီယာများမှ တည်နေရာ ကဲ့သို့သော အချက်အလက်များ ကောက်နုတ်ယူသွားနိုင်သည်ကို သတိပြုသင့်ပါသည်။

လုံခြုံရေး

သင့်ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် လွန်စွာအရေးကြီးပါသည်။ သို့သော်၊ အွန်လိုင်းနှင့် အင်တာနက် စတင်အသုံးပြုသည်နှင့် မည်သည့် အချက်အလက် ဖလှယ်ရမှုနည်းလမ်းမျှ၊ သို့မဟုတ် မည်သည့် အီလက်ထရောနစ် သိုလှောင်သိမ်းစည်းမှု နည်းလမ်းမျှ ၁၀၀% လုံခြုံမှု မရှိနိုင်သည်ကို သတိပြုသင့်သည်။ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို စည်းပွားရေးအရ လက်ခံနိုင်သည့် အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျှက်ရှိသော်လည်း လုံခြုံရေးအတွက် ရာနှုန်းပြည့် အာမခံချက်မပေးနိုင်ပါ။

ကြော်ငြာများ

Ads appearing on our website may be delivered to users by advertising partners, who may set cookies. These cookies allow the ad server to recognize your computer each time they send you an online advertisement to compile information about you or others who use your computer. This information allows ad networks to, among other things, deliver targeted advertisements that they believe will be of most interest to you. This Privacy Policy covers the use of cookies by Htike Aung Kyaw and does not cover the use of cookies by any advertisers.

ပြင်ပဝက်ဘ်စာမျက်နှာများသို့ချိတ်ဆက်ခြင်း

Our Service may contain links to external sites that are not operated by us. If you click on a third party link, you will be directed to that third party’s site. We strongly advise you to review the Privacy Policy and Terms and Conditions of every site you visit.

We have no control over and assume no responsibility for the content, privacy policies or practices of any third party sites, products or services.

အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း

We use services like Google Analytics on our site. These services come with their privacy and policies so please make sure you check these also.

If you leave a comment, the comment and its metadata are retained indefinitely. This is so we can recognize and approve any follow-up comments automatically instead of holding them in a moderation queue.

For users that register on our website (if any), we also store the personal information they provide in their user profile. All users can see, edit, or delete their personal information at any time (except they cannot change their username). Website administrators can also see and edit that information.

If you have an account on this site or have left comments, you can request to receive an exported file of the personal data we hold about you, including any data you have provided to us. You can also request that we erase any personal data we hold about you. This does not include any data we are obliged to keep for administrative, legal, or security purposes.

Visitor comments may be checked through an automated spam detection service.

စာရင်းအင်းအနှစ်ချုပ်

ထိုက်အောင်ကျော်သည် ၎င်း၏ဝက်ဘ်ဆိုက်အသုံးပြု လာရောက်လေ့လာသူများ၏ အသုံးပြုပုံအပြုအမူနှင့် သက်ဆိုင်သည့် အချက်အလက်နှင့် ကိန်းဂဏန်းများကို ကောက်ခံနိုင်သည်။ ထိုက်အောင်ကျော်သည် ထိုအချက်အလက်များကို  အများပြည်သူသိရှိစေရန် ဖော်ပြခွင့်ရှိသကဲ့သို့ အခြားသူများအားလည်း မျှဝေပိုင်ခွင့်ရှိပါသည်။ သို့သော် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟူ၍ ရည်ညွှန်းဖော်ပြနိုင်သည့်အချက်အလက်များကိုမူ ချပြ၊ ထုတ်ဖော်သွားမှာ မဟုတ်ပါ။

ပူးတွဲဖော်ထုတ်ချက်များ

ဤဝက်ဘ်ဆိုက်သည် အချို့ လင့်ခ်များနှင့်ပူးတွဲကာ ကော်မရှင်ခ ရရှိနိုင်စေမည့် လင့်ခ်မျိုးကို အသုံးပြုနိုင်သည်။ ၎င်းတို့သည် သင့်ဝယ်ယူမှု သို့မဟုတ် သင်ငွေပေးချေရမှုအပေါ် သက်ရောက်မှု မရှိစေပါ။

ကွတ်ကီးများ

သင့်အွန်လိုင်းအသုံးပြုမှု အတွေ့အကြုံ ပိုမိုကောင်းမွန်စေရန်အတွက် ထိုက်အောင်ကျော်သည် “ ကွတ်ကီးများ” နှင့် အလားတူ နည်းပညာနှင့်ဝန်ဆောင်မှုများ ကို အသုံးပြုထားပါသည်။ ၎င်းတို့ကို သင့်အတွက် သီးသန့်အကြောင်းအရာများကို ဖော်ပြပေးရန်၊ သင့်လျော်သည့် ကြော်ငြာများပြသပေးရန်နှင့် သင့်ရွေးချယ်မှုများကို သင့်ကွန်ပြူတာတွင်း သိမ်းစည်းပေးထားရန် အတွက် အသုံးပြုခြင်းဖြစ်သည်။

ကွတ်ကီးဆိုသည်မှာ ဝက်ဘ်ဆိုက်များမှ လာရောက်လေ့လာသူများ၏ ကွန်ပြူတာထဲ သိမ်းဆည်းပေးထားသည့် အချက်အလက်များဖြစ်သည်။ လာရောက်လေ့လာသူ၏ ဘရောက်ဇာသည် ဝက်ဘ်ဆိုက်များဆီသို့ အချို့အချက်အလက်များ ပေးပို့ရသည်။ ထိုအချက်အလက်များကို လာရောက်လေ့လာသူက ထပ်တလဲလဲ ကိုယ်တိုင်ဖြည့်စွက်ပေးပို့ရန် မလိုအောင် ဤအချက်အလက်များကို သိမ်းဆည်း ပေးထားခြင်းဖြစ်သည်။ ထိုက်အောင်ကျော်သည် ကွတ်ကီးများကို ထိုက်အောင်ကျော်ဝက်ဘ်ဆိုက်ထံလာရောက်လေ့လာသူများ https://htikeagkyaw.com တွင် ၎င်းတို့အသုံးပြုမှုမှတ်တမ်းကို ဖော်ထုတ်ခြေရာခံရန်နှင့် ၎င်းတို့ဝက်ဘ်ဆိုက်အတွက် ရွေးချယ်မှုများကို မှတ်သားထားရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ ထိုက်အောင်ကျော်ဝက်ဘ်ဆိုက်သို့ လာရောက်လေ့လာသူများသည် ကွတ်ကီးများကို ၎င်းတို့ ကွန်ပြူတာအတွင်း လက်မခံနိုင်ရန် ငြင်းပယ်ခွင့်ရှိသည်။ ၎င်းတို့၏ ဝက်ဘ်ဘရောက်ဇာများတွင် ထိုက်အောင်ကျော်ဝက်ဘ်ဆိုက်မှ ကွတ်ကီးများလက်မခံအောင် ဝင်ရောက်လေ့လာမှု မပြုမီ ကြိုတင်သတ်မှတ်ထားရမည်ဖြစ်သည်။ ၎င်းကဲသို့ ငြင်းပယ်ခြင်းပြုလုပ်သည့်အခါ ကွတ်ကီးအကူအညီမပါဘဲ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အချို့လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ အလုပ်လုပ်မည် မဟုတ်ပါ။

သင်ကျွန်ုပ်တို့ဝက်ဘ်ဆိုက်တွင် မှတ်ချက်ချန်ထားခဲ့သည့်အခါ သင့်အမည်၊ အီးမေးလ်လိပ်စာ နှင့် ဝက်ဘ်ဆိုက်တို့ကို မှတ်သားသိမ်းဆည်လိုက ကွတ်ကီးများဖြင့် သိမ်းဆည်းနိုင်ကြောင်း ဖော်ပြပေးနိုင်သည်။ ဤသို့သိမ်းဆည်းခြင်းသည့် သင့်လုပ်ဆောင်ချက်များ အဆင်ပြေချောမွေ့စေရန်၊ မှတ်ချက်နောက်တခါ ပေးသည့်အခါ ထပ်တလဲလဲ သင့်အချက်အလက်များ ရိုက်နှိပ်ထည့်သွင်းရခြင်း မပြုရစေရန် ဖြစ်သည်။ ဤကွတ်ကီးများသည် ၁နှစ် သက်တမ်းရှိမည်ဖြစ်သည်။

ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်အတွင်း သင့်ကွတ်ကီး ပြင်ဆင်ချက်များ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက် အသုံးပြုနေခြင်းသည် ထိုက်အောင်ကျော်ဝက်ဘ်ဆိုက်၏ ကွတ်ကီးအသုံးပြုမှုကို သင်သိရှိနားလည်း သဘောတူသဖြင့် ဆက်လက်အသုံးပြုနေခြင်းဖြစ်သည်။

သင်ကျွန်ုပ်တို့ လော့ဂ်အင်စာမျက်နှာသို့ ဝင်ရောက်သည့်အခါ သင့်ဘရောက်ဇာ ကွတ်ကီးလက်ခံမခံ ဆုံးဖြတ်နိုင်ရန်အတွက် ယာယီကွတ်ကီးကို သတ်မှတ်သွားမည်ဖြစ်သည်။ ဤကွတ်ကီးတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များမပါဝင်ဘဲ သင်ဘရောက်ဇာ ပိတ်လိုက်သည်နှင့် အလိုအလျောက် ပယ်ပြီးဖြစ်သွားပါလိမ့်မည်။

သင်လော့ဂ်အင် ဝင်ရောက်သည့်အခါတွင်လည်း ကျွန်ုပ်တို့က သင့်လော့ဂ်အင် အချက်အလက်များနှင့် စကရင်ပြသမှု အချက်အလက်များကို သိမ်းဆည်းပေးရန် ကွတ်ကီးအချို့ သတ်မှတ်သွားမည်ဖြစ်ပါသည်။ လော့ဂ်အင် ကွတ်ကီးများသည် ၂ ရက်သက်တမ်းရှိကာ စကရင်ပြသမှု အချက်အလက် ရွေးချယ်မှုကွတ်ကီးသည် ၁နှစ် သက်တမ်းရှိမည်ဖြစ်ပါသည်။ အကယ်၍ သင်သည် “ ကျွန်ုပ်အားမှတ်သားထားပါ” “ Remember Me” ကိုရွေးချယ်ခဲ့ပါက လော့ဂ်အင်အချက်အလက်ကွတ်ကီးသည် ၂ ပတ်အထိ ရှိနိုင်မည်ဖြစ်သည်။ သင်လော့ဂ်အောက်ထွက်သည့်အခါ အဆိုပါလော့ဂ်အင် ကွတ်ကီးကို ဖယ်ရှားသွားမည်ဖြစ်ပါသည်။

အကယ်၍ သင်သည် ဆောင်းပါတစ်ခု ရေးသား/တည်းဖြတ်သည့်အခါ အပိုဆောင်းကွတ်ကီးများကို သင့်ဘရောက်ဇာထဲ သိမ်းသွားမည်ဖြစ်ပါသည်။ ဤကွတ်ကီးတွင် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ မပါဝင်ဘဲ သင်တည်းဖြတ်ရေးသားနေသည့် စာစုမှတ်ပုံတင်အမှတ် post ID သာပါဝင်မည်ဖြစ်သည်။ ၎င်းသည် ၁ရက်အတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။

အခြားဝက်စာမျက်နှာများမှ ရယူထည့်သွင်းထားသည့် အကြောင်းအရာများ

ဤစာမျက်နှာရှိ စာစုများတွင် အခြားဝက်ဘ်စာမျက်နှာများမှ ရယူထည့်သွင်းထားသည့် အကြောင်းအရာများ (ဥပမာ – ဗီဒီယို၊ ဓာတ်ပုံ၊ ဆောင်းပါးများ စသည်) မြှုပ်နှံ ထည့်သွင်း ပါဝင်နေနိုင်သည်။ ထိုမြှုပ်နှံထည့်သွင်းထားသည့် အကြောင်းအရာများသည် လာရောက်လေ့လာသူမှ ၎င်းတို့၏ ဝက်ဘ်စာမျက်နှာများသို့ သွားရောက်လေ့လာသည့် ပုံစံအတိုင်း အလုပ်လုပ်ဆောင်ခြင်းဖြစ်သည်။

ထိုဝက်ဘ်စာမျက်နှာများမှလည်း သင်နှင့်ဆိုင်သည့် အချက်အလက် ဒေတာများကို ကောက်ခံခြင်း၊ ကွတ်ကီးများအသုံးပြုခြင်း၊ တတိယ အဖွဲ့အစည်းများထံမှ မြှုပ်နှံထည့်သွင်းမှုများနှင့် နောက်ယောင်ခံမှုများကို အသုံးပြုခြင်း၊ သင့်လုပ်ဆောင်မှုများကို စောင့်ကြည့်ခြင်း၊ ထိုမြှုပ်နှံထားသည့် အကြောင်းအရာများအား သင်ဘယ်လိုအသုံးပြုသည်၊ သင့်လိုချင်မှမည်သို့ရှိသည် အကယ်၍ ၎င်းတို့စာမျက်နှာတွင် သင့်အကောင့်ရှိကာ လော့ဂ်အင်ဝင်ထားမည်ဆိုပါက သင်ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် တွဲမှတ်ခြင်းစသည်တို့ကို ၎င်းတို့က ပြုလုပ်နိုင်သည်။

ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒ ပြောင်းလဲချက်များ

ပြောင်းလဲမှုအများစုသည် အသေးအဖွဲမျှသာ ဖြစ်မည်ဖြစ်သော်လည်း၊ ထိုက်အောင်ကျောသည် ၎င်း၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒကို အခါအားလျော်စွာ ထိုက်အောင်ကျော်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြောင်းပစ်နိုင်ခွင့်ရှိသည်။ ထိုက်အောင်ကျော်သည် လာရောက်လေ့လာသူများကို မူဝါဒပြောင်းလဲမှုရှိမရှိ ဤစာမျက်နှာသို့ မကြာခဏ လာရောက် ဖတ်ရှုရန် တိုက်တွန်းလိုပါသည်။ မူဝါဒပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်ပိုင်း ဤဝက်ဘ်စာမျက်နှာကို သင်ဆက်လက်အသုံးပြုနေခြင်းသည် မူဝါဒသစ်များကို လက်ခံသဘောပေါက်နားလည် သိရှိပြီး ဖြစ်ကာ ထိုပြောင်းလဲမှုများကို သင်သဘောတူသည်ဟု သတ်မှတ်ပါသည်။

ဆက်သွယ်ရန် အချက်အလက်

ဤ ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒနှင့်ပတ်သက်၍ မေးမြန်းလိုသည့် မေးခွန်းများရှိပါက အီးမေးလ် သို့မဟုတ် ဖုန်းမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါတယ်။

နောက်ဆုံးဖြည့်စွက်ပြင်ဆင်သည့်ရက်စွဲ – ၂၀၂၀-၀၄-၂၈